|
Written by kzo
|
|
Tuesday, 08 December 2009 |
|
ထေရ၀ါဒ ဗုဒ္ဓသာသနာတော်သုံးပါးပြု လှိုင်မဟာစည် ၀ိပဿနာကျောင်းတိုက်ကြီး၏ မိဂဒါဝုန်ဝိပဿနာ နယ်ဒေသ တရားစခန်းများနှင့် ယဉ်ကျေးမှုသင်တန်းများ လှိုင်မဟာစည် ၀ိပဿနာကျောင်းတိုက်ကြီးသည် ထေရ၀ါဒ ဗုဒ္ဓသာသနာတော်မြတ်သုံးပါး တည်တံ့ပြန့်ပွားရေးအတွက် မြန်မာနိုင်ငံအနှံ့အပြားသို့ သွားရောက်ကာ မိဂဒါဝုန် ၀ိပဿနာတရားစခန်းများ နှစ်စဉ်ကျင်းပပြုလုပ်ပေးလျှက်ရှိပါသည်။ နှစ်စဉ် သီတင်းဝါလကင်းလွတ်၍ ရာသီဥတုပွင့်လင်းချိန်တွင် တရားစခန်းများ စတင်ဖွင့်လှစ်လေ့ရှိရာ ပြီးခဲ့သည့် ၂၀၀၈ အောက်တိုဘာလတွင် မင်္ဂလာဒုံမြို့နယ်၊ ကာယရပ်ကွက်ရှိ လှိုင်မဟာစည် ကျောင်းတိုက်ခွဲတရားစခန်း၊ ဒီဇင်ဘာလတွင် မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့ တရားစခန်း၊ မကွေးတိုင်း ရေစကြိုမြို့နယ် စည်သာကျေးရွာတရားစခန်း၊ ၂၀၀၉ ဇန်န၀ါရီလတွင် ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ရှမ်းဒိုးတန်း ကျေးရွာတရားစခန်း၊ ဖေဖော်ဝါရီလတွင် မကွေးတိုင်း အထက်မင်းလှမြို့နယ် ကန်ကျောကျေးရွာတရားစခန်းနှင့် ရေငံကျေးရွာတရားစခန်း၊ မတ်လတွင် မကွေးတိုင်း ဆောမြို့နယ်ခွဲ တရားစခန်း၊ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် လှိုင်မဟာစည်ကျောင်းတိုက်ခွဲ တရားစခန်း၊ မေလတွင် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့တရားစခန်းဟူ ၍ (၀ါမ၀င်မီအတွင်း) စုစုပေါင်း နယ်တရားစခန်းများ ရှစ်ခုတိုင်ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ |
|
Last Updated ( Tuesday, 08 December 2009 )
|
|
Read more...
|
|
|
Written by kzo
|
|
Saturday, 14 March 2009 |
လှိုင်မဟာစည်၏နယ်လှည့်တရားစခန်းပွဲများတွင် ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ မှ မတ်လထိ တရားအားထုတ်ခဲ့သော ယောဂီများစာရင်း ဖော်ပြအပ်ပါသည်။
၁။ မကွေးတိုင်း ပခုက္ကူမြို့ စည်သာရွာတွင် ၂၀.၁.၀၉ မှ ၂၇.၁.၂၀၀၉ ထိ (၄)ကြိမ်မြောက် (၇)ရက်တရားစခန်းတွင် ယောဂီ ၈၄ ဦး ၂။ မကွေးတိုင်းကံမမြို့တွင် ၂.၂.၀၉ မှ ၁၁.၂.၀၉ ထိ (၆)ကြိမ်မြောက် (၇)ရက်တရားစခန်းတွင် ယောဂီ ၅၁ ဦး ၃။ ပဲခူးတိုင်း ကျောက်တံခါးမြို့ ရှမ်းဒိုးတန်းကျေးရွာတွင် ၁၈.၁.၀၉ မှ ၃၀.၁.၀၉ ထိ (၁၇)ကြိမ်မြော်က (၁၂)ရက်တရားစခန်းတွင် ယောဂီ ၄၁ ဦး ၄။ မကွေးတိုင်း အထက်မင်းလှမြို့ ကန်ကျောကျေးရွာတွင် ၂.၂.၀၉ မှ ၁၄.၂.၀၉ ထိ (၁၇)ကြိမ်မြောက် (၁၂)ရက်တရားစခန်းတွင် ယောဂီ ၁၀၀ ဦး ၅။ မကွေးတိုင်း အထက်မင်းလှမြို့ ရေငံကျေးရွာတွင် ၁၄.၂.၀၉ မှ ၂၄.၂.၀၉ ထိ (၁၀)ရက်တရားစခန်းတွင် ယောဂီ ၈၂ ဦး ၆။ မကွေးတိုင်း ကျောက်ထုမြို့ တွင် ၂.၃.၀၉ မှ ၁၁.၃.၀၉ ထိ (၁၀) ရက်တရားစခန်းတွင် ယောဂီ ၉၀ ဦး |
|
|
Written by kzo
|
|
Friday, 13 March 2009 |
|
လှိုင်မဟာစည် မိဂဒါဝုန်ဝိပဿနာယဉ်ကျေးမှုသင်တန်းကို ၃.၃.၂၀၀၉ မှ ၂၇.၃.၂၀၀၉ အထိ လှိုင်မဟာစည် ဆရာတော် ဦးဆောင်နာယကဆရာတော် နှင့်သီလရှင်ဆရာလေးများမှ စာတွေ့လက်တွေ့ သင်တန်းပို့ချပေးနေပါသည်။ သင်တန်းသားဦးရေမှာ ၂၀၀ ခန့်ရှိပါသည်။  |
|
Read more...
|
|
|
Donation list for new building |
|
Written by kzo
|
|
Tuesday, 10 March 2009 |
|
Dear visitors we list the donators for New Building. Thank you for supporting the Hlaing Mahasi new building construction. Everything will be appreciated. |
|
Last Updated ( Monday, 13 July 2009 )
|
|
Read more...
|
|
|
Hlaing Mahasi Announcement2 |
|
Written by Administrator
|
|
Sunday, 22 February 2009 |
|
ဒါနပါရမီထူး ပြုကြမည့် ကုသိုလ်ရှင် သူတော်ကောင်းအပေါင်းတို့ လှိုင်မဟာစည်ဝိပဿနာကျောင်းတိုက်တွင် (၅)ထပ်တိုက်ကျောင်းကြီးကို သင်္ကြန်တရားစခန်းပွဲမတိုင်မှီ မြေညီထပ်နှင့် ရှေ့မျက်နှာစာဆေးသုတ်ခြင်း ပြီးစီးနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ မြေညီထပ်ကြွေပြားကပ်ခြင်း၊ ဆေးသုတ်ခြင်း၊ တံခါးရွက်များမှန်တပ်ဆင်ခြင်း တို့ပြီးစီး၍ ကျန်ပါကေးခင်းခြင်းလုပ်ငန်း ပြီးစီးသွားပါက ယောဂီသူတော်စင်များ စိတ်ကြည်လင်အေးချမ်းစွာ တရားဘာဝနာ ရှုမှတ်ပွားများ အားထုတ်နိုင်မည်ဖြစ်ပါသည်။ |
|
Last Updated ( Tuesday, 10 March 2009 )
|
|
Read more...
|
|
|
|