|
Hlaing Mahasi Announcement2 |
|
Written by Administrator
|
|
Sunday, 22 February 2009 |
|
ဒါနပါရမီထူး ပြုကြမည့် ကုသိုလ်ရှင် သူတော်ကောင်းအပေါင်းတို့ လှိုင်မဟာစည်ဝိပဿနာကျောင်းတိုက်တွင် (၅)ထပ်တိုက်ကျောင်းကြီးကို သင်္ကြန်တရားစခန်းပွဲမတိုင်မှီ မြေညီထပ်နှင့် ရှေ့မျက်နှာစာဆေးသုတ်ခြင်း ပြီးစီးနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ မြေညီထပ်ကြွေပြားကပ်ခြင်း၊ ဆေးသုတ်ခြင်း၊ တံခါးရွက်များမှန်တပ်ဆင်ခြင်း တို့ပြီးစီး၍ ကျန်ပါကေးခင်းခြင်းလုပ်ငန်း ပြီးစီးသွားပါက ယောဂီသူတော်စင်များ စိတ်ကြည်လင်အေးချမ်းစွာ တရားဘာဝနာ ရှုမှတ်ပွားများ အားထုတ်နိုင်မည်ဖြစ်ပါသည်။
ရှေ့မျက်နှာစာအတွက် ဆေးသုတ်လုပ်ငန်းကိုလည်း သင်္ကြန်တရားစခန်းအမှီပြီးစီးရန် ဆောင်ရွက်လျက်ရှိပါသည်၊ အထက်ဖေါ်ပြပါ လုပ်ငန်းများပြီးစီးနိုင်ရန် ကျပ်သိန်း(၁၀၀) ခန့် အလှူတော်ငွေ လိုအပ်လျက်ရှိနေပါ၍ ကာလဒါနအဖြစ်လှူဒါန်းနိုင်ရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။ လက်ရှိမြေညီထပ်ဆောက်လုပ်ပြီးစီးမှုအခြေအနေများ
ကာလဒါနအကျိုးများ ဖြစ်လေရာတွင် ငယ်စဉ်ကစ ဥစ္စာကြွယ်ဝသူမတူ၊ လိုသောအခါ လိုရာရာ ရောက်လာရသည်ဟူ၊ ကျမ်းဂန်ပြအင်္ဂုတ္တရ ဗုဒ္ဓမိန့်တော်မူ။ |
|
Last Updated ( Tuesday, 10 March 2009 )
|