Home
Home
Announcements
Meditation Timetable
Biography
News
Font download
Donation
Contact Us
Search
Member List
Mahasi Home Page
Updates
 
Activities
Written by kzo   
Tuesday, 08 December 2009

ထေရ၀ါဒ ဗုဒ္ဓသာသနာတော်သုံးပါးပြု

လှိုင်မဟာစည် ၀ိပဿနာကျောင်းတိုက်ကြီး၏ မိဂဒါဝုန်ဝိပဿနာ

နယ်ဒေသ တရားစခန်းများနှင့် ယဉ်ကျေးမှုသင်တန်းများ

 

လှိုင်မဟာစည် ၀ိပဿနာကျောင်းတိုက်ကြီးသည် ထေရ၀ါဒ ဗုဒ္ဓသာသနာတော်မြတ်သုံးပါး တည်တံ့ပြန့်ပွားရေးအတွက် မြန်မာနိုင်ငံအနှံ့အပြားသို့ သွားရောက်ကာ မိဂဒါဝုန် ၀ိပဿနာတရားစခန်းများ နှစ်စဉ်ကျင်းပပြုလုပ်ပေးလျှက်ရှိပါသည်။

          နှစ်စဉ် သီတင်းဝါလကင်းလွတ်၍ ရာသီဥတုပွင့်လင်းချိန်တွင် တရားစခန်းများ စတင်ဖွင့်လှစ်လေ့ရှိရာ ပြီးခဲ့သည့် ၂၀၀၈ အောက်တိုဘာလတွင် မင်္ဂလာဒုံမြို့နယ်၊ ကာယရပ်ကွက်ရှိ လှိုင်မဟာစည် ကျောင်းတိုက်ခွဲတရားစခန်း၊ ဒီဇင်ဘာလတွင် မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့ တရားစခန်း၊ မကွေးတိုင်း ရေစကြိုမြို့နယ် စည်သာကျေးရွာတရားစခန်း၊ ၂၀၀၉ ဇန်န၀ါရီလတွင် ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ရှမ်းဒိုးတန်း ကျေးရွာတရားစခန်း၊ ဖေဖော်ဝါရီလတွင် မကွေးတိုင်း အထက်မင်းလှမြို့နယ် ကန်ကျောကျေးရွာတရားစခန်းနှင့် ရေငံကျေးရွာတရားစခန်း၊ မတ်လတွင် မကွေးတိုင်း ဆောမြို့နယ်ခွဲ တရားစခန်း၊ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် လှိုင်မဟာစည်ကျောင်းတိုက်ခွဲ တရားစခန်း၊ မေလတွင် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့တရားစခန်းဟူ ၍ (၀ါမ၀င်မီအတွင်း) စုစုပေါင်း နယ်တရားစခန်းများ ရှစ်ခုတိုင်ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။

 

 


          ထို့ပြင် ကျောင်းသားကျောင်းသူလေးများ ဘာသာရေးကို အခြေခံမစ၍ တတ်သိနားလည်ကာ ရတနာမြတ်သုံးပါးကို ပိုမိုသက်ဝင်ယုံကြည်လာစေရန်နှင့် ကုသိုလ် အကုသိုလ်တရားများကို ခွဲခြားကာ ဘာသာရေးအသိအမြင် စင်ကြယ်လာစေရန် ရည်ရွယ်၍ မဟာသတိဋ္ဌာန် မိဂဒါဝုန်ဝိပဿနာ ယဉ်ကျေးမှုသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၀၈ မတ်လတွင် လှိုင်မဟာစည် ၀ိပဿနာကျောင်းတိုက်ကြီုး၌လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ် ကာယရပ်ကွက်ရှိ လှိုင်မဟာစည် ကျောင်းတိုက်ခွဲ၌လည်းကောင်း၊ မကွေးတိုင်း ကျောက်ထုမြို့နယ်ခွဲ၌လည်းကောင်း၊ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ရှမ်းဒိုးတန်းကျေးရွာ၌လည်းကောင်း၊ ၂၀၀၉ မတ်လတွင် လှိုင်မဟာစည် ၀ိပဿနာကျောင်းတိုက်ကြီး၌လည်းကောင်း၊ မင်္ဂလာဒုံ ကျောင်းတိုက်ခွဲ၌လည်းကောင်း၊ မကွေးတိုင်း ဆောမြို့မယ် ကျောက်ထုမြို့နယ်ခွဲ၌လည်းကောင်း၊ ပဲခူးတိုင်း ပြည်မြို့နယ် သခွတ်ဆောက်ကျေးရွာ၌လည်းကောင်း အသီးသီးဖွင့်လှစ်ကာ သင်ကြားပေးခဲ့ပါသည်။

 


          ယခုနှစ် တရားစခန်းရာသီတွင် ၂၀၀၉ အောက်တိုဘာလ၌ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ရွှေကျီးမြင်ဘုရား ဓမ္မာရုံ၌ (၇)ရက်အချိန်ပိုင်းတရားစခန်း၊ နိုဝင်ဘာလတွင် မကွေးတိုင်း ရေစကြိုမြို့နယ် စည်သာကျေးရွာ၌ (၇)ရက်တရားစခန်း၊ ပခုက္ကူမြို့ ဗောဓိမဏ္ဍိုင်ကျောင်းတိုက်၊ ငြိမ်းအေးချမ်းသာသာသနာ့ရိပ်သာ၌ (၁၇)ရက်တရားစခန်းဟူ၍ ဖွင့်လှစ်ကျင်းပလျှက်ရှိပြီး ၂၀၁၀ ဇန်န၀ါရီလတွင် ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ရှမ်းဒိုးကျေးရွာတရားစခန်း၊ ဖေဖော်ဝါရီလတွင် မကွေးတိုင်း အထက်မင်းလှမြို့နယ် ကန်ကျောကျေးရွာတရားစခန်းနှင့် ရေငံကျေးရွာတရားစခန်း၊ မေလတွင် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ တရားစခန်းတို့ကို ဆက်လက်ကျင်းပသွားပါမည်။

 

          ထို့ပြင် ကျောင်းသားကျောင်းသူလေးများ မဟာသတိပဋ္ဌာန် မိဂဒါဝုန်ဝိပဿနာ ယဉ်ကျေးမှုသင်တန်းများကို ၂၀၁၀ မတ်လတွင် လှိုင်မဟာစည် ၀ိပဿနာ ကျောင်းတိုက်ကြီး၌လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ် ကာယရပ်ကွက်ရှိ လှိုင်မဟာစည် ကျောင်းတိုက်ခွဲ၌လည်းကောင်း၊ မကွေးတိုင်း ဆောမြို့၌လည်းကောင်း၊ ပဲခူးတိုင်း ပြည်မြို့နယ် သခွတ်ဆောက်ကျေးရွာ၌လည်းကောင်း အသီးသီးဖွင့်လှစ်ကာ သင်ကြားပေးမည်ဖြစ်ပါသည်။


Last Updated ( Tuesday, 08 December 2009 )
 
Next >
Copyright 2005 Hlaing Mahasi Monastery.
All rights reserved.