Find us on Facebook
Main branch on YouTube
Branch one on YouTube
Donate with Paypal

လှိုင်မဟာစည် ၃၃ ကြိမ်မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

၃၃ ကြိမ်မြောက် လှိုင်မဟာစည် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ ၀ါဆိုလပြည့်နေ့တွင် ကျင်းပခဲ့ပါသည်။ လှိုင်မဟာစည်ဆရာတော်ဘုရားက ၀ါဆိုသင်္ကန်းအလှူခံယူတော်မူပြီး အနုမောဒနာတရား ချီးမြှင့်ကာ အလှူရှင်များ၏ လှူဒါန်းမှု ဒါနဝတ္ထုအစုစုကို ရေစက်ချအမျှဝေကြပါသည်။ လှိုင်မဟာစည်ယောဂီများ၊ တပည့်ဒါယကာ ဒါယိကာမများ၊ ဓမ္မမိတ်ဆွေများ ဧည့်ပရိသတ် ၅၀၀ ကျော်မျှ လာရောက်ကာ ၀ါဆိုသင်္ကန်းများဆက်ကပ်၊ တရားတော်နာ၊ ဥပုသ်သီတင်းများ ဆောက်တည်၊ မဟာသတိပဋ္ဌာန်ဝိပဿနာတရားများ ရှုမှတ်ပွားများ အားထုတ်ခဲ့ကြပါသည်။