Find us on Facebook
Main branch on YouTube
Branch one on YouTube
Donate with Paypal

2012 မင်္ဂလာဒုံလှိုင်မဟာစည် ဥပုသ်နေ့ဗုဒ္ဒယဉ်ကျေးမှုစာပေသင်တန်း

ကျောင်းသားကျောင်းသူ ကလေးငယ်များအနေဖြင့် ၀ါတွင်းကာလများတွင် ဗုဒ္ဒအဆုံးအမများနှင့် တကွ ဗုဒ္ဒဖြစ်စဉ်များ၊ ဗုဒ္ဒယဉ်ကျေးမှုများ။ ဗုဒ္ဓအခြေခံများ စသည်တို့ကို ရင်းနှီးယဉ်ကျေး လိမ္မာစေရန်ရည်ရွယ်၍ ဥပုသ်နေ့သင်တန်းကို ဖွင့်လှစ်ပို့ချလျှက်ရှိပါသည်။ ယခုနှစ်တွင် ကျောင်း သားကျောင်းသူ ၁၇၀ ဦး လာရောက်သင်ကြားလျှက်ရှိပါသည်။ သီတင်းကျွတ်လပြည့်နေ့တွင် သင်တန်းဆင်းပွဲ၊ ဆုချီးမြှင့်ပွဲ စသည် ပြုလုပ်မည်ဖြစ်ပါသည်။ အလှူရှင်များလည်း လာရောက်လှူ ဒါန်းနိုင်ကြပါသည်။