Find us on Facebook
YouTube Channel
Donate with Paypal

လှိုင်မဟာစည် ယောဂီများနှင် ့ဓမ္မမိတ်ဆွေများသိ််််ု ့

လှိုင်မဟာစည် အကျိုးတော်ဆောင်များမှတစ်ဆင့် လှိုင်မဟာစည်ဆရာတော်ဘုရားကြီး နှလုံးခွဲစိတ်ကုသစဉ် အသုံးပြုရန် ရည်သန်၍ ပို့လှူလိုက်သောအလှူငွေများကို လှိုင်မဟာစည် ရုးံခန်းမှလက်ခံရရှိပါတယ်။ အလှူရှင်များ၏ ဆရာတော်ဘုရားကြီးရဲ့   နှလုံးခွဲစိတ်ကုသမှုအတွက် အထောက်အပံ့ကောင်းတွေ ရအောင် ကိုယ်တိုင်ပေးလှုုကြရုံတင်မက  မိမိတို့သိကျွမ်းရာ ဓမ္မမိတ်ဆွေများကိုပါ ကြိုးစားတိုက်တွန်းနှိူးဆော်မှုတွေကို လှိူင်မဟာစည်မိသားစုမှ ဝမ်းမြောက်ကြည်နှုးနေကြပါတယ်။

      ဓမ္မမိတ်ဆွေတို့ သဒ္ဓါတရားထက်သန်စွာ ဆရာတော်ဘုရားကြီးအတွက်ဆွေးနွေး အကြံပေးကြတာတွေကို ကြားရအတွက်လည်း ဆရာတော်ဘုရားကြီးအပါအဝင် ဦးပဥ္ဇင်းနှင့်ဆရာလေးတို့ အားလုံးက အင်မတန်ကျေးဇူးတင် ဝမ်းသာနေကြပါသည်။

    လှိုင်မဟာစည်ဆရာတော်ဘုရားကြီး နှလုံးခွဲစိတ်ကုသရန် လိုအပ်နေသောအချိန် လိုအပ်နေသောဝတ္တုငွေများကို သဒ္ဓါကြည်လင်စွာ ၀ိုင်းဝန်းပံ့ပိုးလှူဒါန်းကြသော အလှူရှင်များ၏ ကာလဒါနကုသိုလ်ကောင်းမှုကို ကျေးဇူးတင်ဝမ်းမြောက်စွာ သာဓုခေါ်ပါတယ်။

       ဤသို့ကာလဒါနဆေးဝါးအလှူ အထောက်အပံ့သည် ကုသိုလ်ရှင်တို့အား အဂုင်္တ္တရနိကာယ် ပဥ္စမတွဲကျမ်းစာလာ ဗုဒ္ဓဟောကြားသော တရားဒေသာနာတော်လာအတိုင်း ဖြစ်လေရာဘဝထိုထိုတို့၌
 " ဖြစ်လေရာတွင် ငယ်စဉ်ကစ ဥစ္စာကြွယ်ဝသူမတူ  လိုသောအခါလိုရာရာ ရောက်လာရသည်ဟူ " ဆိုသည့်အတိုင်း အကျိုးရလဒ်များကို ခံစားနိုင်ကြ၍ ဆင်းရဲငြိမ်းရာနိဗ္ဗာန်သို့ရောက်ကြောင်း သတိပဋ္ဌာန်အကျင့်မြတ်ကို ကြိုးစားပွါးများ အားထုတ်နိုင်ကြပြီး ဆင်းရဲငြိမ်းနိုင်ကြပါစေဟု မေတ္တာဖြင့် အထူးဆန္ဒပြုအပ်ပါသည်။

          အလှူရှင်များအားလုံးကျမ်းမာချမ်းသာလိုရာကိစ္စဆောင်ရွက်တိုင်းအောင်မြင်ကြပါစေ။

လှိုင်မဟာစည်ဝိပဿနာကျောင်းတိုက်
ယောဂီီကျောင်းလမ်း၊ (၁၁) ရပ်ကွက်၊ လှိုင်မြို့နယ၊်
ရန်ကုန်မြို့။

လှိုင်မဟာစည်ဆရာတော်ဘုရားကြီး ၁၂၊ ၁၂၊ ၂၀၁၂ တွင် စင်္ကာပူနိုင်ငံသို့ Silk Air SQ 997 လေယာဉ် (၁၀ နာရီ ၂၀ မိနစ်) ဖြင့် ကြွရောက်ပါမည်။ ၁၃၊ ၁၂၊ ၂၀၁၂ တွင် Mount Elizabeth ဆေးရုံသို့ တက်ရောက်၍ ၁၄ ရက်နေ့တွင် ခွဲစိတ်ခန်းဝင်မည် ဖြစ်ပါသည်။ ဆရာတော်ကြီးအတွက် အထူးမေတ္တာပို့ပေးစေလိုပါသည်။