Find us on Facebook
Main branch on YouTube
Branch one on YouTube
Donate with Paypal

လှိုင်မဟာစည် (၃၆) ကြိမ်မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့် မိဂဒါဝုန် ၀ိပဿနာသင်တန်း (၁၇) ရက် စခန်းသိမ်းပွဲ ဖိတ်ကြားလွှာ

လှိုင်မဟာစည် (၃၆) ကြိမ်မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့် မိဂဒါဝုန် ၀ိပဿနာသင်တန်း (၁၇) ရက် စခန်းသိမ်းပွဲကို ၁၃၇၆ ခု၊ ၀ါဆိုလပြည့် သောကြာနေ့မြတ် (၁၁.၇.၂၀၁၄) တွင် ကျင်းပ၍ သံဃာတော်အရှင်မြတ်တို့အား ၀ါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္ထုအစုစုတို့ကို လှူဒါန်းကြပါမည်။ လှိုင််မဟာစည် ဆရာတော်ဘုရားကြီးက ၀ါဆိုသင်္ကန်းအလှူခံယူတော်မူပြီး အနုမောဒနာတရား ဟောကြားချီးမြင့်မည် ဖြစ်ပါ၍ လှိုင်မဟာစည် ယောဂီများ၊ အကျိုးတော်ဆောင်များ၊ အလှူရှင်များ၊ ဓမ္မမိတ်ဆွေများအားလုံး၏ ဒါကုသိုလ်အစုစုကို အမျှပေးဝေမည် ဖြစ်ပါသောကြောင့် နာယူမှတ်သားကျင့်ပွါး နိုင်ကြစေရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့်နေ့   ၁၃၇၆ခုနှစ်၊ ၀ါဆိုလပြည့် ဓမ္မစကြာနေ့။ ၁၁-၇-၂၀၁၄၊ သောကြာနေ့
ကျင်းပမည့်အချိန်   နံနက် ၉းဝ၀ နာရီတိတိ (နံနက် ၈း၃၀ နာရီ အရောက်ကြွရောက်ပါရန်)
ကျင်းပမည့်နေရာ   သာသနာ့မာရ်အောင် ဓမ္မာရုံတော်ကြီး၊ လှိုင်မဟာစည် ၀ိပဿနာကျောင်းတိုက်၊ ယောဂီကျောင်းလမ်း ၁၁ ရက်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်။