Find us on Facebook
YouTube Channel
Donate with Paypal



လှိုင်မဟာစည် ကျောင်းတိုက်ခွဲ(၂) ဖွင့်လှစ်ခြင်း

လှိုင်မဟာစည် ဝိပဿနာကျောင်းတိုက်ကြီး၏ တိုက်ခွဲအသစ်ဖြစ်သော လှိုင်မဟာစည်သီလရှင်ရိပ်သာကျောင်း (လှိုင်မဟာစည် တိုက်ခွဲ-၂) ကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၅-ရက်က မန ္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝါးပိုးရေကျေးရွာတွင် ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ လှိုင်မဟာစည်ဆရာတော်ဘုရားကြီးနှင့်တကွ တောင်စွန်းဆရာတော်ဘုရားကြီး၊ ပခုက္ကူ ဗောဓိမဏ္ဍိုင်ဆရာတော်ဘုရားကြီးနှင့် ဆရာတော်သံဃာတော်များစွာတို့ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြပါသည်။

အဆိုပါ လှိုင်မဟာစည်သီလရှင်ရိပ်သာကျောင်းတွင် ၂၀၁၅ ခုနှစ်၊ မတ်လ၌ ကလေးများအတွက် ပထမအကြိမ် ဗုဒ္ဓယဉ်ကျေးမှုနှင့် အခြေခံဝိပဿနာ ၁၀-ရက်သင်တန်းကိုလည်းကောင်း၊ ဧပြီလ၌ ပထမအကြိမ် မဟာသတိပဋ္ဌာန် မိဂဒါဝုန် ဝိပဿနာသင်တန်း မဟာသင်္ကြန် ၇-ရက်တရားစခန်းကိုလည်းကောင်း စတင်ဖွင့်လှစ်၍ ဗုဒ္ဓသာသနာတော်သုံးပါးပြု လုပ်ငန်းများကို လုပ်ဆောင်နေပြီ ဖြစ်ပါသည်။ ယခုအခါတွင်လည်း လူကြီးလူငယ်များအတွက် ပထမအကြိမ် ဝါတွင်းကာလ ဥပုသ်နေ့တိုင်း မဟာသတိပဋ္ဌာန် မိဂဒါဝုန်ဝိပဿနာသင်တန်း အချိန်ပိုင်းတရားစခန်း နှင့် ကလေးများအတွက် ပထမအကြိမ် ဝါတွင်းကာလ ဥပုသ်နေ့ အချိန်ပိုင်း မဟာသတိပဋ္ဌာန် မိဂဒါဝုန်ဝိပဿနာသင်တန်း ကလေးများ အထူးတရားစခန်း တို့ကို ဖွင့်လှစ်ပေးမည် ဖြစ်ပါကြောင်း ဓမ္မမိတ်ဆွေ ယောဂီသူတော်စင်အပေါင်းအား နှိုးဆော်အသိပေးအပ်ပါသည်။