Find us on Facebook
YouTube Channel
Donate with Paypal



ရွှေတိဂုံစေတီတော်ပုံတူ စေတီတော်တစ်ဆူ တည်ထားကိုးကွယ်နိုင်ရန် မြေသန့်မြေနှုတ်ခြင်းမင်္ဂလာ

ပြင်ဦးလွင်မြို့၊ အောင်ချမ်းသာအုပ်စု၊ ဝါးပိုးရေကျေးရွာရှိ လှိုင်မဟာစည် သီလရှင်ရိပ်သာကျောင်းတိုက် (လှိုင်မဟာစည် တိုက်ခွဲ-၂) တွင် ဉာဏ်တော်အမြင့် (၄၅) ပေရှိ ရွှေတိဂုံစေတီတော်ပုံတူ စေတီတော်တစ်ဆူ တည်ထားကိုးကွယ်နိုင်ရန် မြေသန့်မြေနှုတ်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ ၁၂ . ၁၂ . ၂၀၁၆ (နတ်တော်လဆန်း ၁၃ ရက်) တနင်္လာနေ့၊ နံနက် (၈-နာရီ) ခန့်တွင် ဝါးပိုးရေကျေးရွာ၊ အာရှအလင်းရောင်ကျောင်းတိုက် ဆရာတော် ဦးစီး၍ ပြုလုပ်ဆောင်ရွက်တော်မူကြပါသည်။

ပန္နက်တင်မင်္ဂလာအခမ်းအနားကို ၁၄ . ၁၂ . ၂၀၁၆ (နတ်တော်လပြည့်) ဗုဒ္ဓဟူးနေ့၊ နံနက် (၇-နာရီခွဲ) ခန့်တွင် ဆက်လက်ဆောင်ရွက်ကြမည် ဖြစ်ပါသည်။ ယခုအခါ ရန်ကုန်မြို့၊ လှိုင်မဟာစည် ဆရာတော်ဘုရားကြီးသည်လည်း ပြင်ဦးလွင်မြို့၊ လှိုင်မဟာစည် တိုက်ခွဲ-၂ သို့ ကြွရောက်သီတင်းသုံးနေတော်မူပြီး ပြုဖွယ်ကိစ္စများ ပြီးစီးသောအခါ ရန်ကုန်မြို့သို့ ပြန်ကြွတော်မူမည် ဖြစ်ပါသည်။