Find us on Facebook
Main branch on YouTube
Branch one on YouTube
Donate with Paypal



နွေရာသီ ကလေးငယ်များ ဗုဒ္ဓယဉ်ကျေးမှုသင်တန်း အချိန်ပိုင်း တရားစခန်းနှင့် ရှင်ပြု၊ သီလရှင်ဝတ် မင်္ဂလာဖိတ်ကြားလွှာ

သင်တန်းနေရာ။ ။ လှိုင်မဟာစည်တိုက်ခွဲ(၁)၊ ကာယ(၁၁)လမ်း သင်္ဃန်းကျွန်းကြီးအုပ်စု၊ ပုလဲအိမ်ရာအနီး၊ မင်္ဂလာဒုံ၊ ရန်ကုန် Tel 09 443009000, 09 795837068

သင်တန်းရက်။ ။ ၁၃၈၀ ပြည့်၊ တပို့တွဲလပြည့်ကျော် (၁၁) ရက်မှ တပေါင်းလဆန်း (၁၂) ရက်ထိ။ (၂-၃-၁၉) စနေနေ့မှ (၁၇-၃-၁၉) တနင်္ဂနွေနေ့ထိ

အတန်းပညာ။ ။ ပထမတန်း မှ နဝမတန်းအထိ

စခန်းစရက်။ ။ ၁၃၈၀ ခု၊ တပို့တွဲလပြည့်ကျော် (၁၁)ရက်၊ (၂-၃-၁၉) စနေနေ့ ညနေ (၅) နာရီ အရောက် သင်တန်း တက်ရောက်လိုသည့် ကလေးများ မိဘ၊ အုပ်ထိန်းသူ (သို့) ဆရာများကိုယ်တိုင် လာရောက်အပ်နှံကြရပါမည်။

စောင့်ထိန်းရမည့်သီလ - ယောဂီငယ်များ (၅) ပါးသီလ၊ ကိုရင်၊ သီလရှင်တို့ ဆိုင်ရာသီလ

ယူဆောင်လာရမည့် ပစ္စည်းများ
ကျောင်းဝတ်စုံ (သို့) အဖြူ၊ အညို (၅) စုံ၊ ညဝတ်စုံ (၂) စုံ၊ အနွေးထည် (၂) ထည်၊ ဘောင်းဘီရှည်၊ အိပ်ယာခင်း၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ လက်နှိပ်မီး၊ ရေချိုးခွက်၊ ဆပ်ပြာချော ကြမ်း၊ သွားပွတ်တံ၊ သွားတိုက်ဆေး၊ လက်သည်းညှပ်။

လက်ဝယ်မထားရှိရမည့် ပစ္စည်းများ
ဖုန်းအမျိုးမျိုး၊ တားမြစ်အချိုရည် နှင့် မုန့်မျိုးစုံ၊ တားမြစ်ဆေး အစရှိ ပစ္စည်းများ၊ ဖယောင်းတိုင်၊ မီးခြစ်၊ အထွေထွေ အန္တရယ်ရှိနိုင်သည့် ပစ္စည်းများ

ယောဂီငယ်များ ဧည့်တွေ့ချိန်
ညနေ (၅) နာရီမှ (၅) နာရီခွဲထိ နာရီဝက်အတွင်း သတ်မှတ်နေရာ၌သာ တွေ့ဆုံရမည်။

စခန်းသိမ်းပွဲနေ့ ဆွမ်းဆန်စိမ်းလောင်းပွဲ (၁၇-၃-၂၀၁၉) တနင်္ဂနွေနေ့ နံနက် (၈းဝ၀) နာရီ တွင် စမ္မစကူးလ် ပိတ်ပွဲကိုပါ ပူးတွဲပြုလုပ်ပါမည်။