Find us on Facebook
Main branch on YouTube
Branch one on YouTube
Donate with Paypal



ဝမ်းနဲကြောင်း သဝဏ်လွှာပါဘုရား


ပြည်တွင်း ပြည်ပ မဟာစည် နာယက ဆရာတော်
အမေရိကန်နိိုင်ငံ၊ နယူးယောက်မြို့၊ ဘရွတ်ကလင်ရပ်၊ လောကချမ်းသာကျောင်း
အမေရိကန်နိုင်ငံ၊ နယူးဂျာစီမြို့နယ်၊ မနာလပန်မြို့၊ မဟာစည် သတိပဋ္ဌာန်ရိပ်သာကျောင်း
အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့၊ မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း
မြန်မာနိုင်ငံ၊ ရှုမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်း
မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊
ညောင်ကန်အေး လောကချမ်းသာပရဟိတကျောင်း
မြန်မာနိုင်ငံ၊ မြောင်းမြမြို့နယ်၊ ဒရယ်ပေါက်အုပ်စု၊ ရွာဦးကျောင်းတိုက်များ၏
ပဓာနနာယကဆရာတော် ဘဒ္ဒန္ဆ ဣန္ဒက မဟာထေရ်မြတ်
သာသနဓဇဓမ္မာစရိယ၊ ပါဠိပါရဂူ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ B.A (USA)
သက်တော် ၈၁ နှစ်၊ ၀ါတော် ၆၁ ၀ါ
စံလွန်တော်မူသည့်အတွက်
ရန်ကုန်မြို့၊ လှိုင်မဟာစည် ၀ိပဿနာကျောင်းတိုက်
လှိုင်မဟာစည် ဆရာတော်ဘုရားကြီးနှင့် သံဃတော်များ
ယောဂီများ၊ အလှူရှင်များ၊ ဝေယျာဝစ္စကျောင်းသား ကျောင်းသူများ၏
ဝမ်းနဲကြောင်း သဝဏ်လွှာပါဘုရား

သက်တော် ၈၁ နှစ်၊ ၀ါတော် ၆၀ ၀ါရှိ ပြည်တွင်းပြည်ပ မဟာစည် နာယက ဘဒ္ဒန္ဆ ဣန္ဒက မဟာထေရ်မြတ်ကြီး၊ တစ်ဘဝခန္ဓာ စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူသွားခြင်းသည် မြတ်ဗုဒ္ဒ၏ သာသနာတော်အတွက်လည်းကောင်း၊ ပြည်တွင်းပြည်ပ မဟာစည် သာသနာတော်၏ ပြန့်ပွားရေး အတွက်လည်းကောင်း၊ အစားထိုးမရနိုင်သည့် ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရပါသည်ဘုရား။ ပြည်ပသာသနာပြု စွမ်းဆောင်ရည် ပြည့်ဝတော်မူသည့် ပြည်တွင်း ပြည်ပ မဟာစည် နာယက ဆရာတော်ကြီး ကြွေလွင့်တော် မူခဲ့ရလေပြီတကားဟု သံဝေဂတရားပွားများမိပါကြောင်း လျှောက်ထားလျှက် ဆရာတော်ဘုရားကြီး၏ တပည့်သံဃာတော်များ၊ အေဘီဘီအေ အသင်းသူ အသင်းသားများနှင့် ထပ်တူတပ်မျှ လွန်စွာဝမ်းနည်း ရပါကြောင်း သဝဏ်လွှာပေးပို့လိုက်ရပါသည် အရှင်မြတ်တို့ဘုရား။

ပြည်တွင်း ပြည်ပ မဟာစည်ဦးသျှောင် သြဝါဒစရိယ
လှိုင်မဟာစည် ဆရာတော် အဒ္ဒန္တ စန္ဒဝရ
လှိုင်မဟာစည် ၀ိပဿနာကျောင်းတိုက်၊
ယောဂီကျောင်းလမ်း ၁၁ ရပ်ကွက်၊
လှိုင်မြို့နယ်၊ ရန်ကုန်။