Find us on Facebook
Main branch on YouTube
Branch one on YouTube
Donate with Paypal



လှိုင်မဟာစည် ၄၄ ကြိမ်မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့် မိဂဒါဝုန် ၀ိပဿနာသင်တန်း(၁၇)ရက်စခန်းသိမ်းပွဲ

လှိုင်မဟာစည် ၄၄ ကြိမ်မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့် မိဂဒါဝုန် ၀ိပဿနာသင်တန်း(၁၇)ရက်စခန်းသိမ်းပွဲကို ၁၃၈၄ ခုနှစ် ၀ါဆိုလပြည့် (ဓမ္မစကြာနေ့) အင်္ဂါနေ့မြတ် (၁၂.၇.၂၂) တွင် ကျင်းပ၍ သံဃာတော် အရှင်မြတ်တို့အား ၀ါဆိုသင်္ကန်းနှင့် ဒါတဗ္ဗသတ္ထုအစုစုတို့ကို လှူဒါန်းဦကြပါမည်။ သက်တော်ရှည် လှိုင်မဟာစည်ဆရာတော်ဘုရားကြီးက အနုမောဒနာတရား ဟောကြားဖြစ်ပြီး လှိုင်မဟာစည်ယောဂီများ အကျိုးတော်ဆောင်များ လုပ်အားရှင်များ ဓမ္မမိတ်ဆွေများအားလုံးတို့၏ ဒါနကုသိုလ်အစုစုကို အမျှပေးဝကြေပါမည်။ နာယူမှတ်သားကျင့်ပွားတော်မူကြပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့်နေ့ ။ ။ ၁၃၈၄ ခုနှစ် ၀ါဆိုလပြည့် (ဓမ္မစကြာနေ့) ၁၂.၇.၂၀၂၂ (အင်္ဂါနေ့)
ကျင်းပမည့်အချိန်။ ။ နံနက် ၈း၃၀ နာရီအရောက်ကြွရောက်ပါရန်
ကျင်းပမည့်နေရာ။ ။ သာသနာ့မာရ်အောင် ဓမ္မာရုံတော်ကြီး လှိုင်မဟာစည် ၀ိပဿနာကျောင်းတိုက် ယောဂီကျောင်းလမ်း ၁၁ရပ်ကွက် လှိုင်မြို့နယ် ရန်ကုန် လှိုင်တက္ကသိုလ်အနီး။

မိမိတို့ အလိုရှိရာ ပြည့်စေနိုင်သော အောက်ပါဒါန မဟာပါရမီကုသိုလ်တော် တို့ကို ဆွတ်ယူနိုင်ကြစေရန် ဖော်ပြနှိုးဆော် အပ်ပါသည်။

သင်္ကန်းဒွိစုံ တစ်စုံ ၃၀၀၀၀ ကျပ်
ထီးတစ်လက်၁၀၀၀၀ ကျပ်
ဖိနပ်တစ်ရံ ၁၀၀၀၀ ကျပ်
မျက်နှာသုတ်ပုဝါ ၁၀၀၀၀ ကျပ်
နဝကမ္မဝတ္ထု ၁ပါးလျှင်၃၀၀၀၀ ကျပ်
ဆပ်ပြာ ဆေး စသည်များ ၁ပါးလျှင် ၁၀၀၀၀ ကျပ်
လှိုင်မဟာစည် ထာဝရဆွမ်းအလှူ ၁၀၀၀၀ ကျပ်
လှိုင်မဟာစည် ထာဝရဆေးအလှူ ၁၀၀၀၀ ကျပ်
လှိုင်မဟာစည် ထာဝရ ကျောင်းဟောင်းပြင် ကျောင်းသစ်ဆောက်အလှူ ၁၀၀၀၀ ကျပ်
လှိုင်မဟာစည် ထာဝရလျှပ်စစ်မီးအလှူ၁၀၀၀၀ ကျပ်