2025 လှိုင်မဟာစည်တိုက်ခွဲ (၁) တရားရိပ်သာ နွေဦး (၇)ရက် ကလေးအထူးတရားစခန်း
သတိပဋ္ဌာန်ဝိပဿနာ အလုပ်အားထုတ်ပြီးမှ သင့်ဘ၀ပြည့်စုံမည်
တရားစခန်း၀င်မည့် ကလေးငယ်များကို (၉-၃-၂၀၂၅) တနင်္ဂနွေနေ့ ညနေ(၄း၀၀)နာရီ အရောက် မိဘ/အုပ်ထိန်းသူ ကိုယ်တိုင် လာရောက်အပ်နှံရပါမည်။
(၁၆-၃-၂၀၂၅) နံနက် (၈း၀၀)နာရီ မိဘ/အုပ်ထိန်းသူ ကိုယ်တိုင် လာရောက်ခေါ်ရမည်။
နေရာ - လှိုင်မဟာစည်တိုက်ခွဲ(၁) တရားရိပ်သာ၊ ကာယ(၁၁)လမ်း၊ သင်္ဃန်းကျွန်းကြီးအုပ်စု၊ ပုလဲအိမ်ယာအနီး၊ မင်္ဂလာဒုံ။ (၁၂လမ်းမှတ်တိုင်တွင် ဆင်းပါ)
ဖုန်း ၀၉-၇၉၅၈၃၇၀၆၈၊ ၀၉-၂၅၄၂၇၃၈၈၃
viber 09443009000
Hlaing Mahasi Branch-1 Meditation Centre
မူလတန်း မှ အထက်တန်း အထိ လူဦးရေ (၅၀) မှ (၇၀)
တပါတည်း ယူဆောင်လာရမည့် ပစ္စည်းများ
အိပ်ယာလိပ် (စောင်၊ ခြင်ထောင်၊ ခေါင်းအုံး)
အဖြူ + အညို (သို့) အဖြူ + အစိမ်း (၃)စုံ
ည၀တ်ပြင်ပ၀တ်စုံ (၃)စုံ
လက်နှိပ်ဓါတ်မီး၊ ဗလာစာအုပ် + ဘောပင်၊ ရေချိုးခွက်၊ ကိုယ်တိုက် + အ၀တ်လျှော်ဆပ်ပြာ သွားတိုက်ဆေး + သွားတိုက်တံ
လုံး၀ မယူလာရမည့် ပစ္စည်းများ
ရွှေ၊ ငွေ၊ လက်၀တ်လက်စားများ (နားကပ်မှစ၍) phone, tablet (ပါရှိလာပါက ရုံးခန်း၌သာ အပ်နှံထားရန်) အချိုရည်မျိုးစုံ + တားမြစ် မုန့်မျိုးစုံ
နီတိစကား
(၁) ပဌမအရွယ်၌ လောကီပညာနှင့် လောကုတ္တရာ ပညာသင်ကြားရမည်
(၂) ဒုတိယအရွယ်၌ စီးပွားဥစ္စာ ရှာဖွေ စုဆောင်းရမည်
(၃) တတိယအရွယ်၌ သမထ - ၀ိပဿနာ ဘာ၀နာ ပွားရမည်
မျက်မှောက်ခေတ်၌ ပဌမအရွယ် သင်ရမည့် ပညာကို လောကီပညာလောက်သိကြ၏။ လောကုတ္တရာပညာဟု မသိကြပြီ။ သမထ - ၀ိပဿနာ ကျင့်နည်းကို လောကုတ္တရာပညာဆို၏။ ကိုယ်၊ နှုတ်၊ စိတ် သုံးပါးအပြစ်ကင်း၀ေး ချမ်းမြေ့ပျော်ရွှင်စွာ သက်ဆုံးတိုင် နေနိုင်ရေး ပထမအရွယ်ကတည်းက လောကုတ္တရာ ပညာပါ သင်ယူလေ့ကျင့်ကြပါစို့။