Find us on Facebook
Main branch on YouTube
Branch one on YouTube
Donate with Paypal

လှိုင်မဟာစည် ဆရာတော်ကြီး ဥတုဇရုပ်ကလပ်တော်ပူဇော်ကန်တော့ရန် ယနေ့ တရက်သာ အချိန်ပေးနိုင်ပါတော့မည်

ပြည်တွင်း/ပြည်ပ မဟာစည်လမ်းညွှန်ဦးသျှောင် သြဝါဒစရိယ၊ လှိုင်မြို့နယ် လှိုင်မဟာစည်ဝိပဿနာကျောင်းတိုက်နှင့် ကျောင်းတိုက်ခွဲများ၏ အဓိပတိ ပဓာန နာယက လှိုင်မဟာစည်ဆရာတော် ဘဒ္ဒန္တ စန္ဒဝရမဟာထေရ် သက်တော်(၉၇)နှစ်l ဝါတော်( ၇၇)ဝါ သည် သာသနာတော်နှစ် ၂၅၆၉နှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၇ခုနစ်၊ (30.10.2025) ကြာသပတေးနေ့ နံနက် ၆း၃၀ တိတိ အချိန်တွင် ဘဝနတ်နန်းစံမြန်းတော်မူသည့် အကြောင်း အားလုံးသော ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့အား အသိပေးအပ်ပါသည်။

လှိုင်မဟာစည်ဆရာတော် ဘုရားကြီး၏ အန္တိမအဂ္ဂိစျာပနတော်ကို ၁၃၈၇ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၂)ရက်၊ (1.11.2025) စနေနေ့ နံနက် (၉)နာရီ တိတိအချိန်တွင်ရေဝေးသုဿန်အထူးခန်းမဆောင်တွင် မီးပူဇော်ခြင်းအမှုပြုလုပ်မည်​​ ​​ ဖြစ်ပါသ​ဖြင့် ယင်းနေ့ နံနက် ၇ နာရီ၊ ၈ နာရီ အရောက် ရေဝေးသုဿန်အထူးခန်းမသို့ ကြွရောက်ပူဇော်ကြပါရန် အသိပေးဖိတ်ကြားအပ်ပါသည်ဘုရား။

ဥတုဇရုပ်ကလပ်တော်မှာ လှိုင်မြို့နယ်၊ လှိုင်မဟာစည်၌ တန်ဆောင်မုန်းလဆန်း (၁၂)ရက်နေ့ ၊နိုဝင်ဘာ ၁ရက်နေ့ ၊စနေနေ့နံနက် (၇)နာရီထိသာ ပူဇော်ထားရှိမှာဖြစ်၍ ရပ်ဝေးရပ်နီး ယောဂီ ဓမ္မမိတ်ဆွေများ ရှိခိုး ပူဇော်ရန် လာရောက်နိုင်ပါသည် ကျောင်းတော်ကြီးအတွင်း ဆွမ်းချိန် ဆွမ်းထမင်း ဖျော်ရည်ချိန် ဖျော်ရည် လည်း သုံးဆောင်နိုင်ရန် လှူဒါန်းထားပါသည်

မီးပူဇော်ခြင်းအခမ်းအနား အပြီးတွင် အရိုးပြာအိုးကို လှိုင်မြို့နယ်၊ လှိုင်မဟာစည်ဝိပဿနာကျောင်းတိုက်ကြီးသို့ ပြန်လည်ပင့်ဆောင်ပူဇော်ထားရှိပြီး ယင်းနေ့ နေ့လည်(၂)နာရီတိတိအချိန်တွင် လှိုင်မဟာစည်ဝိပဿနာကျောင်းတိုက်ကြီးမှ ပြန်လည်ပင့်ဆောင်ကာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြစ်၌ အရိုးပြာမျှောပူဇော်ခြင်းမင်္ဂလာအား တဆက်တည်းပြုလုပ်မည်ဖြစ်ပါကြောင်းလည်း အသိပေးအကြောင်းကြားအပ်ပါသည်ဘုရား။

သို့ဖြစ်ပါ၍ ရေဝေးသုဿန်သို့် လိုက်ပါပို့ဆောင်မည့်ပုဂ္ဂိုလ်များ ယင်းစနေနေ့ (1.2.2025)ရက်နေ့ နံနက်(၇)နာရီခွဲတိတိအချိန် ကျောင်းတိုက်မှ ကားများထွက်ခွာနိုင်အောင် ကြွရောက်ပေးကြဖို့ရာ နှိုးဆော် အသိပေးအပ်ပါသည်။

ရေဝေးသုဿန်မှအပြန် အရိုးပြာသယ်ဆောင်လာပြီးနောက် ဧည့်ပရိသတ်များအားလုံး အရိုးပြာမျှော ပူဇာ ကို မွန်းလွဲ(၂)နာရီမသွားမီ လှိုင်မဟာစည်ဝိပဿနာကျောင်းတိုက်ကြီး၌ပင် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်အားလုံးအား နေ့လည်ဆွမ်းဆက်ကပ်လှူဒါန်းမည် ဖြစ်ပါသည်။

ဆွမ်းစားအပြီး ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်များ အရိုးပြာအား လှိုင်မြစ် အတွင်းရေမျောပူဇော်ခြင်းမင်္ဂလာပြုလုပ်နိုင်ရန် လှိုင်မြို့နယ်ကျောင်းတိုက်မှ မွန်းလွဲ(၂)နာရီ တိတိထွက်ခွာနိုင်အောင် အကျိုးဆောင်ပေးကြပါရန် အသိပေး ဖိတ်ကြားအပ်ပါသည်ဘုရား။

လှိုင်မဟာစည် ဝိပဿနာကျောင်းတိုက် ယောဂီကျောင်းလမ်း၊ (၁၁)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်
09795555904,09 254273883 09444145988,09446656037, 09401402419