Find us on Facebook
Main branch on YouTube
Branch one on YouTube
Donate with Paypal

တရားတော်နာဖိတ်ကြားလွှာ

ပြည်တွင်း/ပြည်ပမဟာစည် လမ်းညွှန် ဦးသျှောင် သြဝါဒစရိယ၊ လှိုင်မြို့နယ် လှိုင်မဟာစည်ဝိပဿနာကျောင်းတိုက်နှင့် ကျောင်းတိုက်ခွဲများ၏ အဓိပတိ ပဓာန နာယက လှိုင်မဟာစည်ဆရာတော် ဘဒ္ဒန္တ စန္ဒဝရမဟာထေရ် သက်တော်(၉၇)နှစ်l ဝါတော်( ၇၇)ဝါ သည် သာသနာတော်နှစ် ၂၅၆၉နှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၇ခုနစ်၊ (30.10.2025) ကြာသပတေးနေ့ နံနက် ၆း၃၀ တိတိ အချိန်တွင် ဘဝနတ်နန်းစံမြန်းတော်မူသည်ကို အကြောင်းပြု၍ ကြီးစွာ သံဝေဂ ယူကြရသော အားလုံးသော ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့အား အို နာ သေ ဆင်းရဲငြိမ်းကြောင်း နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို မဟာစည် ထေရ် အရှင်မြတ်များမှ တန်ဆောင်မုန်းလဆန်း(၁၀)ရက်မှ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်ထိ (30. 10.2025)မှ (5. 11.2025)ထိ (၇)ည တိုင်တိုင် ညစဥ် (၇)နာရီ တိတိအချိန်တွင် တရားရေအေး တိုက်ကျွေး ဟောကြားချီး​မြှင့်မည်ဖြစ်ပါ၍ ညစဥ် တရားတော်နာ ကြွရောက်တော်မူကြပါရန် ဖိတ်မာန်အပ်ပါသည် သူတော်ကောင်းအပေါင်းတို့။