လှိုင်မဟာစည်ဆရာတော်ဘုရားကြီးအား မဟာသတိပဋ္ဌာန်အကျင့်မြတ်ဖြင့်ပူဇော်ခြင်း နှင့် ဆရာတော်ဘုရားကြီးအားရည်စူး ကုသိုလ်တော်ပွဲ တရားတော်နာ ဖိတ်ကြားလွှာ
ပြည်တွင်း/ပြည်ပ မဟာစည်ဥသျှောင် သြဝါဒစရိယ၊ လှိုင်မြို့နယ်လှိုင်မဟာစည်ဝိပဿနာကျောင်းတိုက်နှင့်ကျောင်းတိုက်ခွဲများ၏ အဓိပတိ ပဓာန နာယက လှိုင်မဟာစည်ဆရာတော် ဘဒ္ဒန္တ စန္ဒဝရမဟာထေရ် သက်တော်(၉၇)နှစ် ဝါတော်( ၇၇)ဝါ သည် သာသနာတော်နှစ် ၂၅၆၉နှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၇ခုနစ်၊တန်ဆောင်မုန်းလဆန်း၁၀ ရက်၊ (30.10.2025)၊ ကြာသပတေးနေ့ နံနက် ၆း၃၀ ခန့် အချိန်တွင် ဘဝနတ်နန်းစံမြန်းတော်မူသည်မှာ ၁၃၈၇ခုနှစ်၊ တန်ဆောင်မုန်းပြည့်ကျော်(၁)ရက်၊ (5.11.2025) ဗုဒ္ဓဟူးနေ့မြတ်သည် ရက်တပတ်လည်နေ့ဖြစ်ပါ၍ ကျေးဇူးတော်ရှင် လှိုင်မဟာစည် ဆရာတော်ဘုရားကြီးအားရည်စူး၍ သံဃာတော်အရှင်မြတ်တို့အား ယင်းနေ့ အရုဏ်ဆွမ်း + နေ့လယ်ဆွမ်းများ၊ လှူဖွယ်ဝတ္ထုများအား မြတ်နိဗ္ဗာန်ရည်မှန်း၍ လှူဒါန်း ဆက်ကပ်ခြင်း မင်္ဂလာအစီအစဥ်များကို အောက်ပါအတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

နံနက်(၅:၃၀) တွင် အရုဏ်ဆွမ်း ၊ နံနက် (၉)နာရီ အချိန်တွင် ဆရာတော် သံဃာတော်များထံမှ သီလယူခံယူခြင်း၊အနုမောဒနာတရား နာယူခြင်း၊ မဟာသတိပဋ္ဌာန်အကျင့်မြတ်ဖြင့်ပူဇော်၍ ရေစက်သွန်းချ အမျှပေးဝေခြင်းမင်္ဂလာ ပြုလုပ်မည်ဖြစ်ပါသည်။
နံနက် (၁၀:၃၀)အချိန်တွင် သံဃာတော်အရှင်သူမြတ်တို့အား နေ့လယ်ဆွမ်း ဆက်ကပ်လှူဒါန်း၍ ကြွရောက်လာသောယောဂီသူတော်စင်အပေါင်းနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့အားလည်း နေ့လယ်ဆွမ်းများ ကျွေးမွေးလှူဒါန်းမည်ဖြစ်ပါသည်။
တန်ဆောင်မုန်းလပြည့်နေ့ နေ့လယ်(၂)နာရီတစ်ချိန်၊ည(၇)နာရီတစ်ချိန်တို့၌လည်း နိဗ္ဗာန်မျက်မှောက်ပြု ငြိမ်းအေးနိုင်ရေး မဟာသတိပဋ္ဌာန်ဝိပဿနာတရားတော်များ နာယူကျင့်ပွားနိုင်ရန် ကြွရောက်ကြဖို့ရာလည်း ထပ်မံဖိတ်ကြားအပ်ပါသည်။
တန်ဆောင်းမုန်းလပြည့်နေ့ည ကျောင်းတိုက်၌ပင် ညအိပ်နေနိုင်သော ယောဂီသူတော်စင်များအနေဖြင့် တစ်ရက်တစ်ည လှိုင်မဟာစည်ဆရာတော်ဘုရားကြီးအား မဟာသတိပဌာန်အကျင့်မြတ်ဖြင့် တစ်ရက်တစ်ည ပူဇော်ရင်း တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့ ရက်လည်ဆွမ်းတရားနာ၊ အမျှဝေ ၊နေ့ဆွမ်းသုံးဆောင်ပြီးမှ ပြန်နိုင်ပါကြောင်း အသိပေးအကြောင်းကြားဖိတ်ကြားအပ်ပါသည် ယောဂီသူတော်စင်အပေါင်းတို့...

