လှိုင်မဟာစည် ဆရာတော်ဘုရားကြီး ရေးသားပူဇော် ဓမ္မစာတော်
လှိုင်မဟာစည်ဆရာတော်ဘုရားကြီး ဘဝနတ်နန်းစံမြန်းတော်မူပြီး ရက်သတ္တပါတ်လည်ထိ ၇ရက်တာ အနန္တကျေးဇူးတော်ရှင် လှိုင်မဟာစည်ဆရာတော်အား ကျေးဇူးဆပ် ဓမ္မပူဇာတရားဟော တရားနာ တရားရှုမှတ်ပူဇော် ကုသိုလ်ပြုပွဲမင်္ဂလာမှတ်တမ်း
🛎️ပထမရက်🛎️
သာသနာတော်နှစ် ၂၅၆၉၊ ကောဇာသက္ကရာဇ် ၁၃၈၇ခုနှစ်၊(30.10.2025)ကြာသပတေးနေ့
🌟 နေ့လယ်ပိုင်း၂: ၀၀ နာရီ ဓမ္မပူဇာ
လှိုင်မဟာစည်ဆရာတော်ဘုရားကြီး
နေ့လည် ၂:၀၀နာရီတိုင်း ဟောကြားတော်မူသော မဟာသတိပဋ္ဌာန် အလုပ်ပေး တရားတော်၊
🌟 ည ၇:၀၀ နာရီ ဓမ္မပူဇာ
လှိုင်မဟာစည်ဓမ္မကထိက ဦးဉာဏောဘာသမှ ဟောကြားသည်ကို နာယူ မှတ်သားပြီး ရှုပွားအား ထုတ်အကျင့်မြတ်ဖြင့်ပူဇော်
🛎️ဒုတိယရက်🛎️
သာသနာတော်နှစ် ၂၅၆၉ကောဇာသက္ကရာဇ် ၁၃၈၇ခုနစ်(31.10.2025)သောကြာနေ့
🌟နေ့လယ်၂:၀၀ နာရီ ဓမ္မပူဇာ
မြတ်မနောဆရာတော် အရှင်စန္ဒဇောတိ(B.D.S) မြတ်မနောဓမ္မရိပ်သာ မင်္ဂလာဒုံ မှ လှိုင်မဟာစည် ဆရာတော်ဘုရားကြီးနှင့် မြတ်မနော ဆရာတော်တို့ စတင်တွေဆုံရပုံ အစချီ ၍ ဓမ္မပူဇာ ကို ၂ပိုင်းပြကာ ဟောကြားချီးမြှင့်တော်မူ။
🌟ည ၇:၀၀ နာရီ ဓမ္မပူဇာ
ပြည်တွင်း/ပြည်ပမဟာစည်နာယက ဆိပ်ခွန်ဆရာတော်ဘုရားကြီး
ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ မဟာစည်နာယကအဖွဲ့ဥက္ကဋ္ဌ-ဘဒ္ဒန္တပညာစက္က "ဆရာသုံးဦး မြတ်ကျေးဇူး"တရားတော်
🛎️တတိယရက်🛎️
သာသနာတော်နှစ် ၂၅၆၉ကောဇာသက္ကရာဇ် ၁၃၈၇ခုနစ်(1.11.2025)စနေနေ့
အန္တိမ အဂ္ဂိ စျာပနနေ့
🌟 နံနက် ၆:၀၀နာရီ အခမ်းအနား ကို နမောတဿ ၃ကြိမ်ရှိခိုးဖြင့်စတင်
🌟လှိုင်မြို့နယ်
ဩဝါဒါစရိယဆရာတော်ဘဒ္ဒန္တဥတ္တရ (ဇေယျဝတီစာသင်တိုက်)မှ သရဏဂုံ သုံးပါးနှင့်တကွ ကိုးပါးသီလ ပေး
🌟ဘ၀နတ်နန်းသို့ စံမြန်းကြွသွားတော်မူသော လှိုင်မဟာစည်ဝိပဿနာကျောင်းတိုက်ကြီး၏ ဦးစီးပဓာ နနာယက ဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိတော်ကို မြို့နယ်သံဃနာယကအဖွဲ့ဝင် ဘဒ္ဒန္တပညာဝံသ (ဓမ္မပါလကျောင်း)ဆရာတော်မှ ဖတ်ကြားပူဇော်
🌟ဘ၀နတ်နန်းသို့ စံမြန်းကြွသွားတော်မူသော လှိုင်မဟာစည်ဝိပဿနာကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်ဘုရားကြီးအား နောက်ဆုံး ကန်တော့ခြင်း "ပစ္ဆိမဝန္ဒနာဂါထာတော်" ကို
ဘဒ္ဒန္တဉာဏောဘာသ လှိုင်မဟာစည် ဓမ္မကထိက မှ အားလုံးသော တပည့်သား သံဃာတော်တို့နှင့် ဒါယကာ ဒါယိကာမ-တို့၏ကိုယ်စား ရွတ်ဖတ်ပူဇော်ကန်တော့၊
🌟မဟာစည်သာသနာ့ရိပ်သာ ဗုဒ္ဓသာသနာ့နုဂ္ဂဟအဖွဲ့ချုပ်မှ ပေးပို့သော
"ဝမ်းနည်းကြောင်းသ၀ဏ်လွှာနှင့် သံဝေဂဂါထာတော်"အား ဘဒ္ဒန္တပညာသာမိ (ဓမ္မာရုံကျောင်း)ကျောင်းဆရာတော်မှ ဖတ်ကြားတော်မူ။
🌟ဆရာတော် လှိုင်မြို့ နယ်၊ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဥတ္တရ မှ ရေစက်သွန်းချ ကုသိုလ် အမျှဝေ
🌟လှိုင်မဟာစည်ဝိပဿနာကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော်ဘုရားကြီးအပေါ်၌ အပြစ်ရှိက ခွင့်လွတ်တော်မူပါရန် တောင်းပန်ကန်တော့လွှာကို ဘဒ္ဒန္တဇောတိပါလ (လှိုင်မဟာစည်) က ဦးဆောင်တိုင်ပေးပြီး တပည့်သား သံဃာတော်များနှင့် ဒါယကာ ဒါယိကာမ အပေါင်းတို့က လိုက်ဆိုကာ ၀န်ချတောင်းပန် ကန်တော့
🌟ကရဝိတ် နိဗ္ဗာန်ယာဉ်တော်ပေါ်သို့ ကြွချီတော်မူပါရန် တောင်းပန်လျှောက်ထားသည့် အဘိယာစန နိမန္တနဂါထာတော်ကို ဘဒ္ဒန္တပညာသာမိ(လှိုင်မဟာစည်) မှ ရွတ်ဆိုဖတ်ကြား ပင့်ဆောင် လျှောက်ထားတော်မူ။
🌟ဂါထာတော်ဆုံး၍ သာဓုသုံးကြိမ်ခေါ်ဆိုပြီးနောက် ဥတုဇရုပ်ကလာပ်တော်မဖူးမျှော်ရသေးသော ဒကာ/ဒကာမများမှ ရှိခိုး ကန်တော့၊ ဆရာကြီးဒေါ်ကဥ္စနသိရီနှင့် သူနာပြု ၆ ဦးတို့က ဥတုဇ ရုပ်ကလာပ်တော်ကို ရေခဲခန်းအခေါင်းမှ နိဗ္ဗာန်ယာဥ် မှန်အခေါင်းသို့ ရွှေ့ပြောင်းပင့်ဆောင်၊ ပြီးနောက်သံဃာတော်များဦးဆောင်၍ နိဗ္ဗာန်ယာဥ်တော်ပေါ်သို့ပင့်ဆောင်တော်မူကြ။
🌟ည ၇:၀၀နာရီ ဓမ္မပူဇာ
ပြည်တွင်း/ ပြည်ပမဟာစည်နာယက ရှိန်းမကားဆရာတော်ဘဒ္ဒန္တဓမ္မရက္ခိတဆရာတော်မှ "အပ္ပမာဒအစွမ်း အံ့မခန်း"တရားတော် ဟောကြားချီးမြှင့်
🛎️စတုတ္ထရက်🛎️
သာသနာတော်နှစ် ၂၅၆၉၊ ကောဇာသက္ကရာဇ် ၁၃၈၇ခုနှစ်၊တန်ဆောင်မုန်း လဆန်း(၁၃)ရက်၊(2.11.2025) တနင်္ဂနွေနေ့
🌟နေ့လယ်၂:၀၀ နာရီ ဓမ္မပူဇာ
လှိုင်မဟာစည်ဆရာတော်ဘုရားကြီး နေ့လည် ၂:၀၀ နာရီတိုင်း ဟောကြားတော်မူသော မဟာသတိပဋ္ဌာန် အလုပ်ပေး တရားတော်၊
🌟 ည ၇:၀၀ နာရီ ဓမ္မပူဇာ
ပြည်တွင်း/ ပြည်ပ မဟာစည် နာယက သန်လျင်ဓမ္မိကာရုံဆရာတော်ဘုရား မှ " ကိုယ်မပိုင်တာ ပယ်စွန့်ပါ" တရားတော် ဟောကြားချီးမြှင့်တော်မူ။
🛎️ပဉ္စမရက်🛎️
သာသနာတော်နှစ် ၂၅၆၉၊ ကောဇာသက္ကရာဇ် ၁၃၈၇ခုနစ်၊ တန်ဆောင်မုန်း လဆန်း(၁၄)ရက်၊
(3.11.2025)တနင်္လာနေ့
🌟 နေ့လယ်၂:၀၀ နာရီ ဓမ္မပူဇာ
မြတ်မနောဆရာတော် အရှင်စန္ဒဇောတိ(B.D.S) မြတ်မနောဓမ္မရိပ်သာ မင်္ဂလာဒုံ မှ အဘိဏှသုတ္တန်အခြေခံ၍ "မြတ်ဓမ္မ နေ့၊ ည ဆင်ခြင်ပါ" တရားတော် ဟောကြားချီးမြှင့်တော်မူ။
🌟 ည ၇:၀၀ နာရီ ဓမ္မပူဇာ
ပြည်တွင်း/ပြည်ပမဟာစည် နာယက သဒ္ဓမ္မဂုဏ်ရည်ဆရာတော် ဘဒ္ဒန္တသုဇန မှ "ကြိုက်ရာရွေးချယ် လမ်းလေးသွယ်
🛎️ဆဋ္ဌမရက်🛎️
သာသနာတော်နှစ် ၂၅၆၉ကောဇာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တန်ဆောင်မုန်းလပြည့်(4.11.2025)အင်္ဂါနေ့
🌟 နေ့လယ်၂:၀၀ နာရီ ဓမ္မပူဇာ
အမရပူရတူးမောင်းကျောင်းတိုက်၊ သံဃာ့ နာယကဆရာတော်ဓမ္မဘေရီဆရာတော်
🌟 ည ၇:၀၀ နာရီ ဓမ္မပူဇာ
ပြည်တွင်း/ပြည်ပ မဟာစည်နာယက ဒေါက်တာ ဝေဠုရိယ ၊ အောင်တော်မူဆရာတော်မှ "လောက၌ရခဲသော ရတနာ(၅)ပါး" တရားချီးမြှင့်
🛎️သတ္တမရက်🛎️
သာသနာတော်နှစ် ၂၅၆၉၊ ကောဇာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်(5.11.2025)ဗုဒ္ဓဟူးနေ့
လွန်စံတော်မူပြီး ရက်သတ္တလည့်နေ့
🌟 လှိုင်မြို့နယ်
ဩဝါဒါစရိယဆရာတော်ဘဒ္ဒန္တဥတ္တရ (ဇေယျဝတီစာသင်တိုက်)မှ သရဏဂုံ သုံးပါးနှင့်တကွ ကိုးပါးသီလ ပေး
🌟ပြည်တွင်း/ပြည်ပ မဟာစည်နာယက ရှိန်းမကားဆရာတော်ထံမှ လှိုင်မဟာစည်ဆရာတော်ဘုရားကြီး သည် မဟာစည်ဆရာတော်ဘုရားကြီးနှင့်အတူ သာသနာပြု စွမ်းဆောင်ခဲ့မှုများ၊ လှိုင်မဟာစည်ဆရာတော်ဘုရားကြီး၏ သတ္တိထူးပုံတို့ကို ကြည် ညိုတန်ဖိုးထား ဟောပြောမိန့်ကြား၊
🌟 အမပူရမြို့တူမောင်းကျောင်းတိုက်၊ သံဃာ့နာယက ဆရာတော်၊
ဓမ္မဘေရီဆရာတော်မှ အနုမောဒနာတရားဟောကြားချီးမြှင့် ရေစက်ချ၊
🌟 နေ့လယ်ပိုင်း၂: ၀၀ နာရီ ဓမ္မပူဇာ
လှိုင်မဟာစည်ဆရာတော်ဘုရားကြီး နေ့လည် ၂ နာရီတိုင်း ဟောကြားတော်မူသော မဟာသတိပဋ္ဌာန် အလုပ်ပေး တရားတော်၊
🌟 ည ၇:၀၀ နာရီ ဓမ္မပူဇာ
သစ္စဝါဒီဆရာတော် ဘဒ္ဒန္တသီလဝံသ မှ အပ္ပမာဒ ပူဇာ " ဆရာ့ကျေးဇူး အထူးဆပ်တဲ့နေ့ " တရားတော် ပူဇော်ခဲ့ကြသည်ကို နာယူ မှတ်သား ကျင့်ပွားအားထုတ် ပူဇော်ခဲ့ကြပါ၏🙏🙏🙏၊

