Donate with Paypal
လှိုင်မဟာစည် ဆရာတော်ဘုရားကြီး လွန်တော်မူခြင်း တစ်လပြည့်မြောက်
ပြည်တွင်း/ပြည်ပ မဟာစည် ဥသျှောင်ဩဝါဒါစရိယ၊ လှိုင်မြို့နယ်၊ လှိုင်မဟာစည်ဝိပဿနာကျောင်းတိုက်နှင့် ကျောင်းတိုက်ခွဲများ၏ အဓိပတိ ပဓာန နာယက လှိုင်မဟာစည်ဆရာတော် ဘဒ္ဒန္တ စန္ဒဝရမဟာထေရ်သက်တော်(၉ရ)နှစ်၊ ဝါတော်(ရရ)ဝါ၏ လွန်တော်မူခြင်း တစ်လပြည့်မြောက်သည့် ရက်--သာသနာတော်နှစ် ၂၅၆၉၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း (၁၁)ရက်၊ (၃၀-၁၁-၂၀၂၅) တနင်္ဂနွေနေ့၊ နံနက် (၉:၀၀)နာရီတိတိအချိန်တွင် လှိုင်မဟာစည် ဆရာတော်ဘုရားကြီးအား ကျေးဇူးဆပ် မင်္ဂလာအဖြစ် သံဃာတော် အရှင်မြတ်တို့အား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး အာမိသပူဇာ၊ တရားဟော တရားနာ တရားရှုမှတ် ဓမ္မပူဇာ ကုသိုလ်တော်များ ၊ ဧည့်ပရိတ်သတ်အပေါင်းတို့အား နေလယ်ဆွမ်းထမင်းလှူဒါန်းမှုများ ရေစက်သွန်းချမင်္ဂလာကို ပြုလုပ် ထပ်တူရစေ ပေးငှဝေသည် နတ် လူ သာဓု ခေါ်စေသော် သာဓု သာဓု သာဓု

