Find us on Facebook
Main branch on YouTube
Branch one on YouTube
Donate with Paypal



လှိုင်မဟာစည် ဆရာတော်ဘုရားကြီး လွန်တော်မူခြင်း လေးလပြည့်မြောက်

ကျေးဇူးတော်ရှင် လှိုင်မဟာစည်ဆရာတော် ဘဒ္ဒန္တ စန္ဒဝရမဟာထေရ်
သက်တော်(၉၇)နှစ်၊ ဝါတော်(၇၇)ဝါ၏
စံလွန်တော်မူခြင်း (၄)လပြည့်မြောက်သည့် ရက်-
-သာသနာတော်နှစ် ၂၅၆၉၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း(၁၃)ရက်၊ (28 -2 - 2026) စနေနေ့၊ နံနက် (၉:၀၀)နာရီတိတိအချိန်တွင်
မဟာစည် နာယက ရှိန်းမကားဆရာတော် ဘဒ္ဒန္တ ဓမ္မရက္ခိတ ကြွရောက် တရားဟောကြားချီးမြှင့်ပေးတော်မူ၍ လှိုင်မဟာစည် ဆရာတော်ဘုရားကြီးအား အမှတ်တရ ကျေးဇူးဆပ် တရားနာ ရှုမှတ်ပွားများကြပြီး မဟာဝိသုဒ္ဓါရုံပါဠိတက္ကသိုလ်ရွှေကျင်တိုက်သစ်မှ ပင့်သဃာ အပါး (၂၀)တို့အား ပစ္စည်းလေးပါးလှူဖွယ်များဆက်ကပ် ကုသိုလ်ပြုကြသည့် မှတ်တမ်းပုံရိပ်များ ထပ်တူရစေ ပေးမျှဝေပါ၏