Find us on Facebook
Main branch on YouTube
Branch one on YouTube
Donate with Paypal



နွေဦးရာသီ ကလေးတရားစခန်းပို့ပေးနိုင်ပါပြီ

မဟာသတိပဋ္ဌာန်ဝိပဿနာအလုပ်အားထုတ်ပြီးမှသင့်ဘဝပြည့်စုံမည်။
   🌟လှိုင်မဟာစည်ကျောင်းတိုက်ခွဲ (၁) 🌟🌿
၁၃၈ရခုနှစ်၊ နွေရာသီ(၃)လ လဆန်း ( ၇ ) ရက်တိုင်း ကလေးတရားစခန်း
                       မိဘ/အုပ်ထိန်းသူကိုယ်တိုင်အပ်နှံစာရင်းပေးသွင်းရန်
🛎️🌟🌟🌟ဖိတ်ကြားလွှာ🌟🌟🌟🛎️
တပေါင်းလဆန်း(၁၄)ရက်မှ တပေါင်းလပြည့်ကျော်(၅)ရက်
(1. 3. 2026) - (7.3. 2026) တကြိမ်
တန်ခူးလပြည့် နေ့ မှ တန်ခူးလပြည့်ကျော် (၆)ရက်နေ့အထိ
(1 . 4. 2026) - (7 . 4. 2026)  တကြိမ်
ကဆုန်လပြည့်ကျော် (၁)ရက် မှ (၇)ရက်နေ့ထိ
(1 . 5. 2026) - (7. 5. 2026) တကြိမ်

မိဘ/အုပ်ထိန်းသူများကိုယ်တိုင် တရားစခန်းဝင်မည့် ကလေးငယ်များကို English လဆန်း (၁)ရက်နေ့ ညနေ (၄းဝဝ) နာရီ အရောက် ကိုယ်တိုင်လာရောက်အပ်နှံရပါမည်။ အသက် ၈ နှစ် မှစ၍ G 11/ 12  တက္ကသိုလ်တန်း အရွယ်များထိ လက်ခံပါသည်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကာယ(၁၂)လမ်း၊ ဖြတ်လမ်း(၁) ဘယ်ကွေ့။
ဖုန်း- ၀၉- ၄၄၃ဝဝ၉ဝဝဝ၊ ၀၉-၇၉၅၈၃၇ဝ၆၈
၀၉- ၂၅၄၂၇၃၈၈၃
Email-hmbranchone1996@gmail.com

တပါတည်း ယူဆောင်လာရမည့်ပစ္စည်းများ
အိပ်ယာလိပ်(စောင်၊ ခြင်ထောင်၊ ခေါင်းအုံး)
အဖြူ+အညို (သို့)အဖြူ+ အစိမ်း (၃)စုံ
ညဝတ်ပြင်ပဝတ်စုံ (၃)စုံ
လက်နှိပ်ဓာတ်မီး၊ ဗလာစာအုပ် + ဘောပင်
ရေချိုးခွက်၊ ကိုယ်တိုက် + အဝတ်လျှော်ဆပ်ပြာ
သွားတိုက်ဆေး + သွားတိုက်တံ

လုံးဝမယူလာရမည့်ပစ္စည်းများ
ရွှေ၊ ငွေ၊ လက်ဝတ်လက်စားများ (နားကပ်မှစ၍)
Phone, Tablet
(ပါရှိလာပါက ရုံးခန်း၌သာ အပ်နှံထားရန်၊ အကြောင်းရှိမှ ခေတ္တသုံးရန်)
အချိုရည်မျိုးစုံ + တားမြစ် မုန့်မျိုးစုံ

နီတိစကား
   (၁) ပဌမအရွယ်၌ လောကီပညာနှင့် လောကုတ္တရာ ပညာသင်ကြားရမည်။
(၂) ဒုတိယအရွယ်၌ စီးပွားဥစ္စာ ရှာဖွေ စုဆောင်းမည်။
(၃) တတိယအရွယ်၌ သမထ -- ဝိပဿနာ ဘာဝနာပွားရမည်။
မျက်မှောက်ခေတ်၌ ပဌမအရွယ် သင်ရမည့်ပညာကို လောကီ ပညာလောက်သိကြ၏။
လောကုတ္တရာပညာဟု မသိကြပြီ။
သမထ-ဝိပဿနာ ကျင့်နည်းကို လောကုတ္တရာပညာဆို၏။
ကိုယ်၊ နှုတ်၊ စိတ် သုံးပါးအပြစ်ကင်းဝေး ချမ်းမြေ့ပျော်ရွှင်စွာ သက်ဆုံး တိုင် နေနိုင်ရေး ပထမအရွယ်ကတည်းက လောကုတ္တရာ ပညာပါ သင်ယူလေ့ကျင့်ကြပါစို့။
                       (လှိုင်မဟာစည် ဆရာတော်)

(၇)ရက်ကလေးအထူးတရားစခန်းပွဲ ရှုမှတ်၊လေ့ကျင့် သင်ကြားအချိန်ဇယား
နံနက်
ဘုရားရှိခိုး
အရုဏ်ဆွမ်းစား
တရားနာ၊ ထိုင် မှတ်
လမ်းလျှောက်မှတ်
ရေချိုး
လမ်းလျှောက်ရှုမှတ်
နေ့လယ်ဆွမ်းစား၊
အနားယူ

နေ့လည်
လမ်းလျှောက်+ရပ်ရှုမှတ်
ဇာတကဇာတ်မှ(၁)ခုစီပုံပြော
တရားနာ၊မဂ္ဂင်ရှစ်ပါး ဆွေးနွေး
တရားထိုင် + ရပ်
ရေချိုး / ညနေစာ

ညပိုင်း
သီလယူ၊ ဘုရားရှိခိုး၊ တရားနာ
လမ်းလျှောက်ရှုမှတ်
တရားစစ်
အမှတ်သတိဖြင့်အိပ်ဆောင်ပြန်

စောင့်ထိန်းသီလ -- ငါးပါးသီလ

လှူဒါန်းမှု ဒါနပါရမီပြုလုပ်လိုသောစေတနာရှင်များ။

နှစ်စဉ်ကျင်းပမြဲဖြစ်သောတရားစခန်းအတွက်
၁။ အရုဏ်ဆွမ်း        ၁ဝဝ,ဝဝဝိ/-
၂။ အရုဏ်အချိုပွဲ       ၅ဝ,ဝဝဝိ/-
၃။ နေ့လယ်ဆွမ်း       ၃ဝဝ,ဝဝဝိ/-
၄။ နေ့လယ်အချိုပွဲ       ၅ဝ,ဝဝဝိ/-
၅။ နေ့လည် Tea Time ၂၀,၀၀၀/-
၆။ညနေအာဟာရ         ၅ဝ,ဝဝဝိ/-

တရားစခန်းဝင်မည့်ကလေးငယ်များ ဆွမ်းစရိတ်ပေးရန်မလိုပါ။