Find us on Facebook
Main branch on YouTube
Branch one on YouTube
Donate with Paypal



ကုသိုလ်ပြုမင်္ဂလာ ဖိတ်ကြားလွှာ

မဟာသတိပဋ္ဌာန်ဝိပဿနာအလုပ်အားထုတ်ပြီးမှသင့်ဘဝပြည့်စုံမည်။
   ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ လှိုင်မဟာစည် ဝိပဿနာကျောင်းတိုက် ကြီး၏
(၄၈) ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်ပွဲ နှင့်
                       မပြည်တွင်း/ပြည်ပ မဟာစည် ဦးသျှောင်ဩဝါဒစရိယ
လှိုင်မဟာစည် ဝိပဿနာကျောင်းတိုက်နှင့် ကျောင်းတိုက်ခွဲများ၏ အဓိပတိပဓာနမဟာနာယက
လှိုင်မဟာစည်ဆရာတော် ဘဒ္ဒန္တ စန္ဒဝရမဟာထေရ်
(သက်တော် ၉၇ နှစ်၊ ဝါတော် ၇၇ ဝါ) ၏ စံလွန်တော်မူခြင်း (၁) နှစ်ပြည့်မြောက်သည့်
ကျေးဇူးဆပ်ပူဇော်ပွဲ သို့ ကုသိုလ်ယူကြွရောက်ပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်ဖိတ်ကြားအပ်ပါသည်။

သာသနာတော်နှစ် (၂၅၇၀)၊ ကောဇာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၅) ရက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက် (စနေနေ့) - နံနက် (၉:၀၀) နာရီတိတိ

(ယောဂီများနှင့် ဓမ္မမိတ်ဆွေများ နံနက် ၈:၃၀ နာရီ အရောက် ကြွရောက်နေရာယူပေးပါရန်)

📍 ကျင်းပမည့်နေရာ
ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ လှိုင်မဟာစည်သာသနာ့မာရ်အောင် ဓမ္မာရုံတော်ကြီးပေါ်၌

🙏 ပြုလုပ်မည့် ကုသိုလ်တော်အစီအစဉ်များ -
🌟 သံဃာတော်အရှင်မြတ်တို့အား ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
🌟 ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး အာမိသပူဇာ ကုသိုလ်ပြုခြင်း
🌟 တရားဟော၊ တရားနာ၊ တရားရှုမှတ်ခြင်း ဓမ္မပူဇာကုသိုလ်တော်များ ဆင်ယင်ကျင်းပခြင်း
🌟 သံဃာတော်များ နှင့် သီလရှင် ဆရာကြီး ဆရာလေးများအား နေ့ဆွမ်း ဆက်ကပ်ခြင်း၊ ဧည့်ပရိသတ်အပေါင်းတို့အား နေ့လယ်ဆွမ်းထမင်းဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းခြင်းနှင့် ရေစက်သွမ်းချအမျှပေးဝေခြင်း

သူတော်ကောင်းအပေါင်းတို့... လှိုင်မဟာစည်ယောဂီများနှင့် ဓမ္မမိတ်ဆွေများအားလုံး
ဤမွန်မြတ်လှစွာသော ကုသိုလ်မင်္ဂလာသဘင်သို့ ကြွရောက်ကုသိုလ်ယူ အမျှဝေခံယူကြပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည် ။

📞 ဆက်သွယ်စုံစမ်းရန် ဖုန်းနံပါတ်များ
ဦးပညာသာမိ - ၀၉-၄၄၄၁၄၅၉၈၈
ဦးအောင်ဇေယျ - ၀၉-၄၀၁၄၀၂၄၁၉
📞၀၉- ၇၉၅၅၅၅၄၀၃၊၀၉- ၇၉၅၅၅၅၄၀၄