Welcome To Hlaing Mahasi
This site is developed to create a community where pure buddhism (The theravada) can discuss, debate and do the welfare of the whole world. This site is also a cyber corner to inform about hlaing mahasi monastery's activities, path-way to nivana preach and charity to the world society. We are trying hard to make this web page to give the online discussion, question and answers and the way of practicing meditation to those who interest to do the practicing of Our Buddha's way to nivana. We aim at those people who has willingness to practice our buddha's way to nivana living anywhere arround the world. We are cotributing our technical knowledge, ideas, time and effort for this. We sincerely welcome to your participation, any suggestions and contributions.
More about Hlaing Mahasi please download below flyers.
2024 သင်္ကြန်တရားစခန်းပွဲဖွင့်လှစ်ပါမည်
2024 သင်္ကြန်တရားစခန်းပွဲဖွင့်လှစ်ပါမည်
ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့ လှိုင်မဟာစည် ဝိပဿနာကျောင်းတိုက်ကြီး၌ 13/4/2024 မှ 21/4/2024ထိ သင်္ကြန်တရားစခန်းပွဲ ဖွင့်လှစ်ပါမည်။ တရားစခန်း ဝင်လိုသူများအတွက် တိုက်တွန်းနှိုးဆော် အသိပေးအပ်ပါသည်။
Summer dhamma school for kids 2024
လှိုင်မဟာစည် ၄၄ ကြိမ်မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့် မိဂဒါဝုန် ၀ိပဿနာသင်တန်း(၁၇)ရက်စခန်းသိမ်းပွဲ
လှိုင်မဟာစည် ၄၄ ကြိမ်မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့် မိဂဒါဝုန် ၀ိပဿနာသင်တန်း(၁၇)ရက်စခန်းသိမ်းပွဲကို ၁၃၈၄ ခုနှစ် ၀ါဆိုလပြည့် (ဓမ္မစကြာနေ့) အင်္ဂါနေ့မြတ် (၁၂.၇.၂၂) တွင် ကျင်းပ၍ သံဃာတော် အရှင်မြတ်တို့အား ၀ါဆိုသင်္ကန်းနှင့် ဒါတဗ္ဗသတ္ထုအစုစုတို့ကို လှူဒါန်းဦကြပါမည်။ သက်တော်ရှည် လှိုင်မဟာစည်ဆရာတော်ဘုရားကြီးက အနုမောဒနာတရား ဟောကြားဖြစ်ပြီး လှိုင်မဟာစည်ယောဂီများ အကျိုးတော်ဆောင်များ လုပ်အားရှင်များ ဓမ္မမိတ်ဆွေများအားလုံးတို့၏ ဒါနကုသိုလ်အစုစုကို အမျှပေးဝကြေပါမည်။ နာယူမှတ်သားကျင့်ပွားတော်မူကြပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။
ကျင်းပမည့်နေ့ ။ ။ ၁၃၈၄ ခုနှစ် ၀ါဆိုလပြည့် (ဓမ္မစကြာနေ့) ၁၂.၇.၂၀၂၂ (အင်္ဂါနေ့)
ကျင်းပမည့်အချိန်။ ။ နံနက် ၈း၃၀ နာရီအရောက်ကြွရောက်ပါရန်
ကျင်းပမည့်နေရာ။ ။ သာသနာ့မာရ်အောင် ဓမ္မာရုံတော်ကြီး လှိုင်မဟာစည် ၀ိပဿနာကျောင်းတိုက် ယောဂီကျောင်းလမ်း ၁၁ရပ်ကွက် လှိုင်မြို့နယ် ရန်ကုန် လှိုင်တက္ကသိုလ်အနီး။
မိမိတို့ အလိုရှိရာ ပြည့်စေနိုင်သော အောက်ပါဒါန မဟာပါရမီကုသိုလ်တော် တို့ကို ဆွတ်ယူနိုင်ကြစေရန် ဖော်ပြနှိုးဆော် အပ်ပါသည်။
သင်္ကန်းဒွိစုံ တစ်စုံ | ၃၀၀၀၀ ကျပ် |
ထီးတစ်လက် | ၁၀၀၀၀ ကျပ် |
ဖိနပ်တစ်ရံ | ၁၀၀၀၀ ကျပ် |
မျက်နှာသုတ်ပုဝါ | ၁၀၀၀၀ ကျပ် |
နဝကမ္မဝတ္ထု ၁ပါးလျှင် | ၃၀၀၀၀ ကျပ် |
ဆပ်ပြာ ဆေး စသည်များ ၁ပါးလျှင် | ၁၀၀၀၀ ကျပ် |
လှိုင်မဟာစည် ထာဝရဆွမ်းအလှူ | ၁၀၀၀၀ ကျပ် |
လှိုင်မဟာစည် ထာဝရဆေးအလှူ | ၁၀၀၀၀ ကျပ် |
လှိုင်မဟာစည် ထာဝရ ကျောင်းဟောင်းပြင် ကျောင်းသစ်ဆောက်အလှူ | ၁၀၀၀၀ ကျပ် |
လှိုင်မဟာစည် ထာဝရလျှပ်စစ်မီးအလှူ | ၁၀၀၀၀ ကျပ် |